Have a Coupon Code?
Coupon Code ရယူဖို့ ဒီဘေးက form လေးကို အခုပဲဖြည့်လိုက်တော့နော်။ အချက်အလက်လေးတွေအကုန်မှန်အောင် ဖြည့်ပြီးပြီဆိုရင်တော့ Submit နှိပ်လိုက်တာနဲ့ coupon code လေးက လူကြီးမင်းရဲ့ email ထဲကို ရောက်လာမှာ ဖြစ်ပါတယ်။

Get Your Coupon Code
FAQs
အာမခံချက်ကဘယ်လိုပေးတာလဲ?
ဝယ်သွားတဲ့ နာရီတိုင်းအတွက် စက်ပိုင်းဆိုင်ရာ အာမခံ တစ်နှစ် (one year warranty) နဲ့ တခြားလိုအပ်တဲ့ services တွေကိုပေးထားပါတယ်။
︎ဘာ made တွေရောင်းတာလဲ?
မြို့တော်စံချိန်မှာက automatic watch တွေကို Mid range level price နဲ့ရောင်းပေးတာမို့ origin ကတော့ China ပဲလာပါတယ်။ မြို့တော်စံချိန်မှာ လက်ရှိရောင်းနေတဲ့ စျေးမြင့်ထဲက USA Brand , Gremany Brand တွေကတော့ China စက်ရုံထုတ်ကိုမှ သူ့ရဲ့ brand တည်ထောင်ရာ ဇစ်မြစ်အလိုက် နိုင်ငံကွာသွားပါတယ်။ အဲ့လိုပဲ သုံးတဲ့ material လည်း ကွာသွားတယ်ပေါ့နော်။ စျေးများရင်များသလို နာရီမှာပါတဲ့ material နဲ့ quality တွေပိုကောင်းလာပါတယ်။
︎စက်နာရီက ဘယ်လိုမျိုးလဲ?
စက်နာရီလေးတွေက ဓာတ်ခဲထည့်စရာမလိုဘဲ သံပတ်ပေးပြီးပတ်ရတဲ့ နာရီအမျိုးအစားမျိုးဖြစ်ပါတယ်။ ဒါကြောင့် စက်နာရီဝယ်မယ်ဆိုရင် သံပတ်ပေးဖို့ ပျင်းလို့တော့မရပါဘူး။
︎သံပတ်ကဘယ်လိုပေးရတာလဲ?
ပုံမှန်လည်းပတ်ဖြစ်တယ်၊ တစ်နေ့ကို (၈) နာရီလောက် ပတ်ထားဖြစ်တယ်ဆိုရင် န ေ့တိုင်းသံပတ်မပေးလည်းရပါတယ်။ တကယ်လို့ ကိုယ်က စက်နာရီကိုသိမ်းထားပြီး သွားစရာရှိမှ ထုတ်ပတ်မယ်ဆိုရင်တော့ နာရီပတ်ခါနီး သံပတ်ပေးတာ၊ အချိန်ပြန်တိုက်တာလုပ်ရပါမယ်။
သံပတ်ပေးနည်းလေးကတော့ နာရီရဲ့ သော့သီး crown ကို တစ်ဆစ်ဆွဲမထုတ်ဘဲ ဒီတိုင်း လက်ယာရစ် ခပ်ဖွဖွ လှည့်ပေးရတာပါ။နာရီပတ်ခါနီးတိုင်း အချက် (၃၀) လောက် လှည့်ပြီး သံပတ်ပေးရင် လုံလောက်ပါတယ်။
︎အချိန်တိုက်တာနဲ့ သံပတ်ပေးတာက တူတူပဲလား?
မတူပါဘူး။ သော့သီးကို အဆစ်ဆွဲမထုတ်ဘဲ ဒီတိုင်းလှည့်တာက သံပတ်ပေးတာပါ။ အချိန်တိုက်ချင်ရင်တော့ နောက်တစ်ဆစ် ထပ်ဆွဲထုတ်ပြီး လှည့်ရပါမယ်။
︎ရေစိုခံလား?
စက်နာရီတွေက သော့သီးလေးကနေ အမြဲသံပတ်ပေးနေရတဲ့ နာရီအမျိုးအစားမို့ သူသတ်မှတ်ထားတဲ့ ATM Level အထိပဲ ရေစိုခံနိုင်ပါတယ်။ ဒါကလည်း အပေါ်ယံလောက်ပဲရတာပါ။ စျေးကြီးပြီး ရေစိုမခံတာမျိုးမဟုတ်ပါဘူး။ စက်နာရီရဲ့ သဘော သဘာဝကိုက ရေစို အရမ်းခံအောင်ထုတ်လို့မရတာပါ။
ချွင်းချက်အနေနဲ ့ ရေကူး ရေငုပ်ဖို့အတွက် အထူးထုတ်ထားတဲ့ diver watch auto နာရီတွေကတော့ ရေစိုခံပါတယ်။ စက်နာရီလည်းပတ်ချင်တယ်၊ ရေစိုခံတာမျိုးလည်း လိုချင်တယ်ဆိုရင်တော့ Diver Watch တွေကိုသာရွေးပါ။ ပုံမှန်စက်နာရီအများစုကတော့ Luxury ဆန်ဆန် ကြွကြွရွရွ ပတ်ရတာမို့ ကိုယ်က ရေချိုးလည်း ဒီတိုင်းပတ်ထားမယ်ဆိုရင် သော့သီးကနေ ရေဝင်တာမျိုးဖြစ်နိုင်ပါတယ်။
︎စက်နာရီနဲ့ ဓာတ်ခဲနာရီ ဘယ်ဟာပိုကောင်းလဲ?
ကိုယ်ကြိုက်တဲ့ဟာက ပိုကောင်းပါတယ်။ feeling ချင်းမတူပ ါဘူး။ စက်နာရီတွေမှာတော့ တစ်သက်လုံးဓာတ်ခဲထည့်စရာမလိုတာ၊ စက်ကလေးတွေလည်ပတ်နေရတာကို မြင်နေရတာ စတဲ့ special feeling တွေကို ပိုရနိုင်ပါတယ်။
︎စက်နာရီက ဘာလို့ဓာတ်ခဲထက် စျေးပိုကြီးတာလဲ?
စက်နာရီတစ်လုံးဖြစ်လာဖို့ လူအင်အား၊ ပညာရှင်အင်အား အများကြီးလိုပါတယ်။ သေးငယ်တဲ့ စက်ယန္တရားပေါင်းများစွာကို ပညာသားပါပါပေါင်းစပ်ဖွဲ့စည်းပြီးမှ စက်နာရီဆိုတာ ဖြစ်လာတာပါ။ စက်နာရီလုပ်ဖို့က ကျွမ်းကျင်မှုလိုပါတယ်၊ skill လိုပါတယ်၊ creative ဖြစ်ဖို့လိုပါတယ်။ တချို့စက်နာရီတွေဆိုရင် လိုချင်တဲ့ ဒီဇိုင်းမျိုးရအောင် customized အလှဆင်ပြီး ထုတ်လုပ်ရတာကြောင့် ဓာတ်ခဲနာရီတွေထက် စျေးပိုကြီးနေရတာဖြစ်ပါတယ်။
︎အိမ်အရောက်ငွေချေရလား?
Delivery တိုက်ရိုက်ရောက်တဲ့ မြို့အားလုံးက အိမ်ရောက်ငွေချေနဲ့ ဝယ်လို့ရပါတယ်။ Delivery မရောက်တဲ့ မြို့နယ်တချို့ကတော့ ငွေကြိုလွှဲ ကားတင်စနစ်နဲ့ ပို့ပေးပါတယ်။
Brand New ရောင်းတာလား? Second ရောင်းတာလား?
မြို့တော်စံချိန်မှာက Company တိုက်ရိုက် Brand New ပဲရောင်းပါတယ်။ First copy နဲ့ second မရောင်းပါဘူး။
︎အပြင်ပုံနဲ့ မတူရင်ဘယ်လိုလုပ်မလဲ?
Page မှာ အပြင်ပုံလေးတွေပဲ တင်ရောင်းတာမို့ အရောင်နဲ့ ရုပ်ထွက်ကို စိတ်ချပြီးဝယ်နိုင်ပါတယ်။ ဒါ့အပြင် မြို့တော်စံချိန်က နာရီနဲ့ပတ်သက်တဲ့ Facts တွေကို ကောင်းရင်ကောင်းတယ်၊အားနည်းချက်ရှိရင်ရှိတယ်ဆိုပြီး အမှန်အတိုင်းပဲ ပြောရောင်းတာမို့ ဂျင်းမိမှာစိတ်ပူစရာမလိုပါဘူး။ ကိုယ့်လိုအပ်ချက်နဲ့ကိုက်ညီတာကို ရွေးလို့ရမှာဖြစ်ပါတယ်။
︎နိုင်ငံခြားပို့ပေးလား?
ထိုင်း၊ မလေး၊ လာအို၊ စင်ကာပူ အပြင် တခြားသော နိုင်ငံများကိုလည်း ပို့ဆောင်ပေးပါတယ်။ နိုင်ငံခြားကနေ မှာယူသူများကတော့ ငွေလေးကြိုလွှဲပေးရပါတယ်ရှင်။